လက်ပံတန်း မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို အ.ထ.က(၁)မှ ကျောင်းသား/ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ သာယာဝတီခရိုင်ပညာရေးမှူး ဦးဇော်ဝင်းနှင့် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်တို့က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်ဥမ္မာဦးက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်မှ အခြေခံကျောင်းများသို့အခမဲ့ ပေးအပ်သော ဗလာစာအုပ်၊ ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြပြီး၊ အ.ထ.က ကျေးနီတွင် တိုးချဲ့ဆောင် ဆောက်လုပ်ရန်အတွက် လေးဆယ့်ငါးသိန်းတန် လယ်မြေကို အလှူရှင် ဦးဝင်းမြင့်နှင့် ကျောင်းသားမိဘများကလှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးတင်စိုးရှိန်က လက်ခဲရယူပြီး အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)