ရသေ့တောင်မြို့၌ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းဆောင်ရွက်မှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များအား စနစ်တကျ သိမ်းဆည်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းသဖြင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊ မုန်တိုင်းကြောင့် မြို့ပေါ်တွင်လည်း အပျက်အစီး များခဲ့ရာ ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်မှ ဖွဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ လမ်းအလိုက်သစ်ပင်၊ သစ်ခတ်များ ခုတ်လှဲဖယ်ရှားခြင်းများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိခဲ့သည့် အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်း ဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှ အမှိုက်များအားစနစ်တကျ ကားကြီးများဖြင့် ဖယ်ရှားဆောင်ရွက်ခဲ့ကြရာ ယနေ့နံနက်ပိုင်းက အိုးအိမ်ဝန်ထမ်းအိမ်ရာနှင့် လမ်းတစ်လျှောက် အမှိုက်သရိုက်များအားbackhoe အသုံးပြု၍ သိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း MSME လုပ်ငန်းလမ်းညွှန်မှာကြားချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ MSME လုပ်ငန်း လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကျောက်တံခါးမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုဝင်များထံ ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း မေ(၁၆)ရက်နှင့် (၂၆)ရက်တို့တွင်  သံပုရာခုန်ကျေးရွာအုပ်စု၊ ရေအေးကျေးရွာနှင့် ဇလုပ်ကြီးကျေးရွာတို့မှ  လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတွင် ပြုလုပ်သည်။

နတ်တလင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ဒက္ခိဏသီရိမြို့နယ် ရွှေမြိုင်ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်(၅၀)ပါးအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်း ထိုးနှံပေး

ပြည်ထောင်စုနယ်၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေမြိုင်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အဆိုပါကျောင်းတိုက်ရှိ  ဓမ္မာရုံ၌ ထိုးနှံပေးခဲ့သည်။

သဲကုန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့῍ ဆောင်ပုဒ်နှင့်အညီ "၂၀၂၃-၂၀၂၄  ပညာသင်နှစ်  ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ပိုင်းက အ.ထ.က သဲကုန်း သာဓုခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အထက (ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၁၇၉၈၈)ဦး ကျောင်းအပ်နှံပြီးဖြစ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာအားလုံးတွင် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အဖြစ်သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့မှ စတင်ကာ စာသင်ကျောင်းများအား ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မေလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၇၉၈၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ  အခမ်းအနားကို ယနေ့ နံနက်  ၈ နာရီ ၃ဝ မိနစ်အချိန်က  မိတ္ထီလာ-မလှိုင်ကားလမ်းအနီး လိန်တော ကြိုးပြင်ကာကွယ်တောတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် စိုက်ထူထားသည့် ဆိုင်းဘုတ်များနှင့် ဆေးလိပ်သောက်ခွင့်ရှိသော နေရာ၊ သောက်ခွင့် မပြုသော နေရာများအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသတစ်ခွင် စိုက်ထူထားသည့် ဆိုင်းဘုတ်များနှင့်ဆေးလိပ် သောက်ခွင့် ရှိသောနေရာ၊ သောက်ခွင့်မပြုသော နေရာများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to