ပေါင်မြို့နယ်တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show)ပြုလုပ်ကျင်းပ

ပေါင်       မေ         ၃၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက(Talk Show)ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်ပြည်သူ့ဆေးရုံမှ မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရဌာနခွဲ ဦးစီးအရာရှိဒေါ်ချိုချိုလွင်က ‌ဆေးလိပ်သောက်သုံးခြင်းကြောင့်ဖြစ်စေတတ်သည့် ‌ဆီးချို၊ သွေးတိုး၊ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပါးစပ်ကင်ဆာစသည့် ရောဂါအမျိုးမျိုးတို့၏ အန္တရာယ်များ၊ ဆေးလိပ်သောက်ခြင်းဖြင့် ထွက်ရှိသည့် မီးခိုးငွေ့များအား အနီးဝန်းကျင်ရှိသူများ ရှူရှိုက်မိခြင်းဖြင့် ခံစားရသည့် ကျန်းမာရေးဆိုးကျိုးများ၊ ဆေးလိပ်သောက်ခြင်းမှစတင်ကာ မူးယစ်ဆေးဝါးစွဲလမ်းသည်အထိ ဖြစ်ပွားမှုများစသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြသည်။

ပေါင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)