ဟိုင်းကြီးကျွန်းမြို့၌ ပန်းခင်း(၂)စီမံချက်ဖြင့် မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများမှ ကြည့်ရှုအားပေး

ဟိုင်းကြီးကျွန်း မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပန်းခင်း(၂)စီမံချက်ဖြင့် မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးနေမှုအား ယမန်နေ့နံနက် (၁၀း၀၀)နာရီ အချိန်တွင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဟိုင်းကြီးကျွန်းမြို့ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်းဦးဆောင်သော ဝန်ထမ်း (၂) ဦးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို ယမန်နေ့နံနက် (၈) နာရီမှ ညနေ (၄)နာရီထိဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ၁၀နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က) တွင် (၄၃)ဦးကိုလည်းကောင်း၊ ၁၈နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင် (၃၇)ဦးကိုလည်းကောင်း၊ ၁၀နှစ်မှ၁၈နှစ်ပြည့် လဲလှယ်တွင် (၆၁)ဦးကိုလည်းကောင်း၊ ပျောက်ဆုံး၊ပျက်ဆီးထုတ် ပေးခြင်း တွင် (၆၇)ဦး ကိုလည်းကောင်း ကတ်အမျိုးမျိုးဆောင်ရွက်ပေးလျက်ရှိရာ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူစုစုပေါင်း (၂၀၈) ဦးကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

လှိုင်မျိုးအောင်

ဟိုင်းကြီးကျွန်း (ပြန်/ဆက်)