ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစု ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်

ဂန့်ဂေါ မေ ၃၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းမိသားစုများမှ သား/သမီးများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားရာတွင် ထူးချွန်ထက်မြက်သည့် ပညာတတ်လူငယ်များဖြစ် ထွန်းပေါ်ပေါက်လာစေရေးအတွက် မိမိတို့မိဘများမှ အကောင်းဆုံးကြိုးစား၍ ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ မိမိတို့ဌာနအနေဖြင့်ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည်မြင့်မားတိုးတက်စေရေးအတွက် စဉ်ဆက်မပြတ်ဆက်လက်၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။          

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်ဇနီး ဒေါ်နန်းစံစံထွေးတို့မှ ဝန်ထမ်းမိသားစု သား/သမီးများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၇)ဦးအတွက် တစ်ဦးလျှင်ပညာသင်ထောက်ပံ့ကြေး(၅၀၀၀/-) ကျပ်နှင့် ဗလာစာအုပ်(၁)ဒါဇင် (တန်ဖိုး ၈၅၀၀/-)ကျပ်ကိုလည်းကောင်း၊ အလယ်တန်းတွင် တက်ရောက် ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူ(၉)ဦးအတွက် တစ်ဦးလျှင် ပညာသင်ထောက်ပံ့ကြေး(၇၀၀၀/-)ကျပ်နှင့် ဗလာစာအုပ်(၁)ဒါဇင် (တန်ဖိုး ၈၅၀၀/-)ကျပ်ကိုလည်းကောင်း၊ စုစုပေါင်းမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၄၈၀၀၀/-)နှင့် ဗလာစာအုပ်(၂၆)ဒါဇင်အတွက် တန်ဖိုးငွေကျပ်(၂၂၁၀၀၀/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၃၆၉၀၀၀/-) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)