ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ကျင်းပသည့် ဂျူတီကုတ်/ ဦးဆောင်းအပ်နှင်းပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ပြည် မေ ၃၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ကျင်းပသည့် အပတ်စဥ် (၂၈)သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်/ ဦးဆောင်းအပ်နှင်းပွဲနှင့် အပတ်စဉ်(၂၉)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဥ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်တို့ကို အကောင်အတည်‌ဖော်ဆောင်ရွက်နေပြီး ယင်းဦးတည်ချက်များအနက် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သူနာပြု/ သားဖွားနှီးနွယ်သင်တန်ကျောင်ပေါင်း(၅၃)ကျောင်းဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်နှင့်အညီ အရည်အသွေးသာမက အရည်အချင်းပါ ပြည့်ဝတဲ့သူနာပြု/ သားဖွားများမွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း ပြည်မြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအပါအဝင် တောင်ငူသူနာပြုသင်တန်းကျောင်း/ တောင်ငူသားဖွားသင်တန်းကျောင်းနှင့် ပဲခူးသားဖွားသင်တန်းကျောင်းဆိုပြီး သူနာပြုသင်တန်းကျောင်း(၂) ကျောင်းနှင့် သားဖွားသင်တန်းကျောင်း(၂)ကျောင်း စုစုပေါင်း(၄)ကျောင်းဖြင့် သူနာပြု/ သားဖွားဆရာ/ ဆရာမများအားနှစ်စဥ်မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ အဓိကရည်ရွယ်ချက်မှာ ပြည်သူအားလုံးမှယုံကြည်အားထားနိုင်ပြီး အရည်အသွေးပြည့်ဝသော သူနာပြုဆရာ/ ဆရာမကောင်းများ နိုင်ငံတော်မှလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေအတွက်နှင့်အရည်အသွေးပြည့်ဝစွာ ပေါ်တွက်လာနိုင်ရေးအတွက်ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံတည်ထောင်ရာတွင် ကျန်းမာရေးစောင်ရှောက်မှု့ကဏ္ဍသည်လည်း အရေးကြီးသော ကဏ္ဍတစ်ခုအနေဖြင့်ပါဝင်ပြီး သူနာပြုစုလုပ်ငန်းဟာ အလွန်မွန်မြတ်လှသော လုပ်ငန်းဖြစ်ပါကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရားရှင်လက်တက်ကတည်းက မနာမကျန်းသော ရဟန်းတော်များကို ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် ပြုစုစောင့်ရှောက်ခဲ့တဲ့သူနာပြုစုခြင်းသမိုင်းများ အထင်အရှားရှိခဲ့ပြီး ကမ္ဘာမှာလည်း ဖလော့ရင့်နိုင်တင်ဂေးရဲ့ မွန်မြတ်တဲ့စိတ်နဲ့ စစ်အတွင်းမှာလူနာများကို ပြုစုစောင်ရှောက်ခဲ့တဲ့ သမိုင်များလည်းယနေ့အထိ အထင်အရှားရှိခဲ့ပါကြောင်း၊ ဒီလိုမွန်မြတ်တဲ့လုပ်ငန်းများကို လုပ်ဆောင်ဖို့ ဒီလောကထဲကိုရောက်လာတဲ့ သားတို့သမီးတို့အတွက်လည်းဂုဏ်ယူပါကြောင်း" စသည်ဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်) ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းဌေးက  ဂျူတီကုတ်/ ဦးဆောင်းအပ်နှင်းပွဲနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး အပတ်စဉ်(၂၉) မောင်မယ်သစ်လွင်များအား ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားကာ သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းချီးမြှင့်သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဦးဆောင်သော ဆရာ၊ဆရာများနှင့်သင်တန်းသား၊ သင်တန်းသူများအဖွဲ့က လက်ဆင့်ကမ်းဆီမီးအလင်းရောင်ထွန်းညှိခြင်းနှင့် သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုပြီး "ဂရုဏာအလင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်း၌ ထူးချွန်ဆုရရှိသူများအား ပညာရည်ချွန်ဆုများပေးအပ်ချီးမြှင့်ပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)အတွက် ထောက်ပံ့လှူဒါန်းငွေကျပ်သိန်း ၃၀ကို ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ကာ တက်ရောက်လာကြသူများကို သင်တန်းသား၊သင်တန်းသူများက သူနာပြုအဆင့်ဆင့်၏ ဝတ်စားဆင်ယင်မှုများအား သရုပ်ဖော်ပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ ဆက်)