ပြည် မေ ၃၀
၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်အတွက် ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ ၁၃ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း တက်ရောက်အားပေးပြီး ယင်းတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာယုဇနနှင့် သင်ကြားရေးဌာနမှူးများ၊ ပညာရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့၊ ဆရာ/ ဆရာမများ၊ စီမံရေးရာဝန်ထမ်းများ၊ ကျောင်းသားမိဘဆွေမျိုးများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် ရှေးဦးစွာဒေါက်တာယုဇနက ကျောင်းသား/ ကျောင်းသူများအား "မိမိတို့၏ကိုယ်ရည်ကိုယ်သွေးနဲ့အချိန်တွေကို မှန်ကန်စွာအသုံးချဖို့လိုကြောင်း၊ ရှေ့ဆက်ရမည့်ခရီးလမ်းကြောင်းတွင် မှန်ကန်စွာလျှောက်လမ်းနိုင်ကြပါစေကြောင်း၊ ရည်မှန်းချက်ပန်းတိုင်ဟာအလွန်အရေးကြီးပြီး စွန့်စားဖန်တီးလိုတဲ့စိတ် တာဝန်ယူမှုနဲ့တာဝန်ယူလိုစိတ်တွေမွေးမြူကြစေလိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးမှာ လူ့စွမ်းအားအရင်းအမြစ်ဟာအလွန်အရေးကြီးပြီး လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျတဲ့မဏ္ဍိုင်က ပညာရေးမဏ္ဍိုင်ဖြစ်ကြောင်း" စသည်ဖြင့် မိန့်ခွန်းပြောကြားပြီး ၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် ကွန်ပျူတာတက္ကသိုလ် (ပြည်)မှ ဘွဲ့ရရှိသူကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၉၂)ဦးတို့အား ဘွဲ့လက်မှတ်နှင့်အဆောင်ယောင်များ အပ်နှင်းချီးမြင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုစိုး (ပြန်/ ဆက်)