မော်လမြိုင်ကျွန်း မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မဟာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ အ.ထ.က (၁) ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီးနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်ကအဖွင့်မှာစကားပြောကြားရာတွင် အနာဂတ်မျိုးဆက်သစ် ပညာတက်လူငယ်/ လူရွယ်များပေါ်ထွက်လာစေရေးအတွက် ရာနှုန်းပြည့်ကျောင်းအပ်နှံ ရေးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။ ထို့နောက် အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်က ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာရေးနောက်မကျစေရန်၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းတက်ရတ် အခက်အခဲရှိသူများအား တတ်နိုင်သလောက် ဝိုင်းဝန်းပံ့ပိုးပေးရန်လိုကြောင်း ပြောကြားပြီးနောက် မြို့နယ်အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းကကျောင်းအပ် နှံရေးနေ့ကျင်းပရခြင်းရည်ရွယ်ချက်များ၊ ပညာရေးဌာန၏ ရည်မှန်းချက်၊ ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်မှုလုပ်ငန်းများနှင့် ပက်သက်သည့်များကို ရှင်းလင်းပြောကြားခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ ပေးအပ်သော ကျောင်းသုံးပုံနှိပ်၊ ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများနှင့်ကျောင်းဝတ်စုံ များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်တာဝန်ရှိသူများကသက်ဆိုင်ရာကျောင်း သား၊ ကျောင်းသူများထံသို့ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ ကြီး/ ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအကျိုးတော် ဆောင်များစုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ရဲကိုမောင်