မော်လမြိုင်ကျွန်း မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦး ဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်ပင်များစိုက်ပျိုးခြင့်ဖြင့် ဒေသတွင်းအပူချိန်လျော့ကျလာစေရန် သစ်တောသစ်ပင်ပြုန်းတီးမှုမဖြစ် ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို မေလ ၃၀ ရက်နေ့ နံနက် (၁၀) နာရီအချိန်ကကျိုက်ပိကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာ၊ ကျေးရွာပိုင်မြေပေါ်တွင် ကျင်းပသည်။
ဦးစွာ စိုက်ပျိုးမည့်ပျို့ပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနမြို့နယ်ဦးစီး မှူးမှ တက်ရောက်လာသူများထံအပင်များပေးအပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကိုကျင်းပပါသည်။ အဆိုပါ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အတွင်းရေးမှူးရဲမှူးမိုးစိန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ခင်မာမူနှင့် အသင်းဝင်များ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းမင်းဌေးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် အတူအင်အား (၁၀၀) ဦးခန့်ဖြင့် မဟော်ဂနီ အပင် (၃၀၀) နှင့် မန်ဂျန်ရှာအပင် (၂၀၀) စုစုပေါင်း သစ်ပင် စုစုပေါင်း (၅၀၀) အားစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်