တန့်ယန်းမြို့နယ်တွင် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပေးအပ်

တန့်ယန်း မေ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး မိသားစုစည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဦးနှင့် မိသားစုစည်းရုံးရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ တက္ကသိုလ်ဆင့် ၁၃ ဦး၊ အထက်တန်းဆင့် ၆ ဦး၊ အလယ်တန်းဆင့် ၃ ဦး၊ မူလတန်းဆင့် ၃၃ ဦး၊ စုစုပေါင်း ၅၅ ဦးတို့အား ပညာသင်ထောက်ပံ့ကြေးများနှင့် ကျောင်းသုံးပစ္စည်းများအားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                                                         

မင်းလွင်ဦး(ပြန်/ဆက်)