သံတောင်ကြီးမြို့နယ်တွင် က်ပျောပင်များ စိုက်ပျိုးခြင်းကြောင့် မိသားစုအပိုဝင်ငွေ ရရှိ

သံတောင်ကြီး မေ ၃၀

ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိက စိုက်ပျိုးလျက်ရှိရာ နှစ်တိုပင်ဖြစ်သော ငှက်ပျောပင် များကိုလည်း  တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြသည်။  ငှက်ပျောပင်များသည် ရာသီမရွေး အသီးသီးသော သီးနှံဖြစ်ပြီး ယခု နွေအကုန် မိုးအကူးအချိန်တွင် ငှက်ပျောသီးများ ခုတ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အဓိကစိုက်ပျိုးသော ငှက်ပျောသီး အမျိုးအစားများမှာ သီးမွှေးငှက်ပျောပင်၊ ရွှေနီငှက်ပျောပင်၊ ရွှေဝါက်ပျောပင်များဖြစ်ပြီး အဆိုပါ ဌက်ပျောပင်များ စိုက်ပျိုးပြီး (၈) လခန့်တွင် ငှက်ပျောအဖူးများ စတင်ထွက်ပြီး (၁၀)လခန့်တွင် ငှက်ပျောခိုင် အရင့်များ ဆွတ်ခူးကာ သံတောင်ကြီးမြို့ပေါ်များသာမ တောင်ငူမြို့ရှိက်ပျောသီး အဝယ်တိုင်များထံတွင်တင်ပို့ ရောင်းချကြသည်။

သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားမီ ကာလများတွင် ပြည်တွင်းပြည်ပ ခရီးသွားလာမှုများသည့်အတွက် သီးမွှေးငှက်ပျောသီးအကြီး တစ်ဖီးလျှင် ကျပ်(၃၀၀၀)မှ ကျပ်(၃၅၀၀)အထိ ရရှိသော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်နှင့် နောက်ပိုင်းတွင် ခရီးသွားလာမှု နည်းပါးခြင်းကြောင့် ငှက်ပျောသီးအကြီး တစ်ဖီးကို ကျပ် (၁၂၀၀)မှ ကျပ် (၁၅၀၀)ထိသာ ရရှိကြောင်း  ငှက်ပျောစိုက်တောင်သူ ဦးသာလိုထံက သိရသည်။

နော်နော်မူ