ဘုတ်ပြင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ဘုတ်ပြင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်

ဘုတ်ပြင်း မေ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို အောင်မင်္ဂလာရပ်ကွက်ရှိ ရွှေသာလျောင်းဘုရား ရှေ့တွင် ယနေ့နံနက် ၇နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဒေသခံပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များတက်ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က စိုက်ပျိုးမည့်ပျိုးပင်များကို ခရိုင်/မြို့နယ်ပညာရေးမှူးအားလည်းကောင်း မြို့နယ်မီးသတ်တပ်ဖွဲ့အားလည်း ကောင်း၊ အမျိုးသမီးရေးအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်များအား လည်းကောင်း ပျိုးပင်များဖြန့်ဝေပေးအပ်ခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ NGO အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက သတ်မှတ်ထားသည့်နေရာများတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ စုပေါင်းသစ်ပင်စိုက်ပျိုးမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်း(၁၀၀)ပင်၊ ခရေ(၁၀၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်နှင့် မန်ဂျန်ရှား(၁၀၀)ပင် စုစုပေါင်းပျိုးပင်(၄၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)