မြဝတီ မေ ၃၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးရှိ ဘုရားကြီး ကျောင်းရှေ့တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၇၃)ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်လင်းဌေး ဦးစီးသော တပ်ဖွဲ့ဝင်များ၊ မြို့နယ်တရားသူကြီး ဦးဝေဇင်မန်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး ဦးစီးသော ဝန်ထမ်းများ၊ ခရိုင်ကုးန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂျက်ကူးမား၊ ခရိုင်ပို့ဆောင် ဆက်သွယ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထင်ကျော်၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်မင်းသန်း၊ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအထောက် အကူပြုဆပ် ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ပညာပေးဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးရာတွင် လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ/နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိမရှိ စစ်ဆေးခဲ့ရာ ယာဉ်မောင်းလိုင်စင်မပါသော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ/နည်း ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း စည်းမျဉ်းစည်းကမ်း မလိုက်နာသူ မော်တော်ယာဉ်မောင်းနှင်သူနှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား အသိပညာပေးဟောပြောပြီးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)