ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်နှင့်ပတ်သက်၍ ပြည်သူများကြိုတင်ကာကွယ်ရေး လုပ်ဆောင်နိုင်စေရန်စဉ်ဆက်မပြတ် အသိ ပညာပေးနှိုးဆော်

ညောင်ဦး  မေ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်နိုင်စေရန်အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီအချိန်က ညောင်ဦးမြို့ပေါ်ရပ် ကွက်များတွင် စဉ်ဆက်မပြတ် အသိပေးလိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်းသိရသည်။

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သူဇာစိုး(ဦးစီးရာရှိ)၏ ဦးဆောင်မှုဖြင့် ညောင်ဦးခရိုင်ပြန်/ဆက်ရုံအနေ ဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် လုပ်ဆောင်နိုင်စေရေးအတွက်၊ အသိပညာပေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိရာ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကိုလည်းကောင်း၊ နေ့စဉ်လူနေထိုင်မှုဘဝတွင် ကူးစက်ရောဂါကြိုတင် ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကိုလည်းကောင်း၊ ပြည်သူများ မမေ့မလျှော့ သိရှိနိုင်စေရန်အတွက် အပတ်စဉ်လှည့်လည် ဆော်ဩအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများအပြင် မိမိဌာနဝန်ထမ်းများဖြင့်လှည့်လည် ဆော်ဩခြင်းများ အပတ်စဉ်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

ဒီပါလင်း