တနင်္သာရီမြို့၏ကျက်သရေဆောင် သမိုင်းဝင် ရာဇမင်္ဂလာကန်တော်အား မူလပုံစံမပျက် အဆင်မြင့်တင်ပြုပြင်မွမ်းမံတည်ဆောက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ ကျက်သရေဆောင် သမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ် ကိုယ်တိုင်ဦးဆောင်မှုဖြင့် ကန်ဘောင်ရိုးအဆင့်မြှင့်တင်ခြင်း ၊ကန်အလယ် ရှိရှင် ဥပဂုတ္တရုပ်ပွားတော် ပူဇော်ရန် ဆက်သွယ်ထားသည့် သစ်သားတိုင်များအစား (၇၆ပေ-၆ပေ) အရွယ် သံကူကွန်ကရစ်တံတားအဖြစ်သို့လည်းကောင်း၊ ရှင်ဥပဂုတ္တရုပ်ပွားတော် ပူဇော်ခံ ကျောင်းဆောင်ကို(၂၀ပေ×၂၀ပေ)အထိသို့လည်းကောင်း  မူလပုံစံမပျက်စေဘဲ အဆင့်မြင့်တင်၍ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း(၅၃၀)ခန့်ဖြင့် ၂၀၂၃ခုနှစ်၊ဧပြီလလယ်မှစ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း အားလုံး၏(၆၀)ရာနှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးခဲ့သည့် ဗန်းမော်ဆရာတော်ဘုရားကြီး၏ရုပ်ကလာပ်တော်အား လာရောက်ဖူးမြှော်သူများဖြင့် စည်ကား

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်း တိုက်၌ သီတင်းသုံးခဲ့သည့်ဗန်းမော် ဆရာတော်နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဘိဓဇ အဂ္ဂမဟာရဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါ အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား၍ အနယ်နယ်အရပ်ရပ်မှ နေ့စဉ်ရဟန်းရှင်လူ လာရောက်ဖူးမြှော်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ ( Talk Show ) ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက် (၉) နာရီ အချိန်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် ၂၀၂၃ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ များကို မေလ (၃၁) ရက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ဆက်လက်ထုတ် ချေးပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ လာရောက်လှူဒါန်း

တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ တံတားဦးမြို့နယ် အမျိုးသမီးရေးရာဖွဲ့နှင့်  မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီက လာရောက်လှူဒါန်းကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က ပုသိမ်ကြီးကျောင်းရှိ အောင်ဇဗ္မူခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့နယ်ပညာရေးမှူး ဦးမျိုးဝေ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မိုးညှင်းမြို့နယ်အင်းတော်ကြီးအိုင်တွင် ယခုလအတွင်း ငါးမျိုးစိတ်ပေါင်း (၃၃)မျိုး စာရင်းကောက်ယူနိုင်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်တွင် ငါးမျိုးစိတ်များ လစဉ်စာရင်းကောက်ယူလျက်ရှိရာ ယခုလအတွင်းတွေ့ရှိရသည့် ဒေသရင်းငါးမျိုးစိတ်များအပါအဝင် ငါးမျိုးစိတ်ပေါင်း (၃၃) မျိုး စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၄၀၇)ဧက အောင်မြင်စွာစိုက်ပျိုးနိုင်ရေး သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခုအား ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် တောင်သူများအနေဖြင့် ဆည်ရေများကိုအသုံးပြုကာ စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သီးနှံမျိုးစုံ (၄၀၇)ဧက အောင်မြင် စွာစိုက်ပျိုးနိုင်ရေး သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခုအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ နေ့သင်တန်းကျောင်း တက်ရောက်မည့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြင်းခြံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေ့သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယနေ့နံနက် (၁၀) နာရီ အချိန်က RDT Test Kit ဖြင့် စစ်ဆေးခဲ့သည်။
Subscribe to