အလုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
မီးဘေး၊ သဘာဝဘေးနှင့်အခြားဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုပြီး အချိန်နှင့်တပြေးညီ လျင်မြန်စွာ ကယ်ဆယ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ၊ အလုံခရိုင်၊ အလုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အလုံမြို့နယ်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။