အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်း အားကစားအဖွဲ့ထွက်ခွာ

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ဇွန် (၃) ရက်မှ (၉) ရက်ထိကျင်းပမည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ၀င်‌ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယ‌မန်နေ့ နေ့လယ် (၁၂) နာရီ (၄၀) မိနစ်အချိန်က ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှား) လေယာဉ်အမှတ် UB-7011 ဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များမှာကြား

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်အတူ ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီခန့်က ပြည်သူ့ ကျန်းမာရေးဖွံဖြိုးရေးအတွက်ကျန်းမာရေးဝန်ထမ်းနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ပေါင်းတည် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူ ၆၆၁ ဦးအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ပေးပြီး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေများကို သက်သာသော အတိုးနှုန်းထားဖြင့် ထုတ်ချေးပေးလျက်ရှိရာ ယခု ၂၀၂၃ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်များကိုလည်း မေလ ၁၈ ရက်နေ့မှ စတင်ထုတ်ချေးပေးခဲ့ပြီး မေလ ၃၁ ရက်နေ့ အထိ ကျေးရွာအုပ်စု ၇ အုပ်စုမှ တောင်သူ ၆၆၁ ဦးအား ကျပ် ၅၉၆၅.၅ သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရရှိရေးအတွက် စူးစမ်းလေ့လာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရရှိရေးအတွက် စူးစမ်းလေ့လာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က (ဈ) ရပ်ကွက်ရှိ အမှတ် (၂၇) အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံကြက်​ခြေနီအသင်းက ​ဆောင်ရွက်​နေသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) အ​ရေး​ပေါ်တုံ့ပြန်​ရေးလှုပ်ရှားမှုများအတွက် "​ရွှေ​ရောင်သမိုင်း" အ​ရေး​​ပေါ်ကယ်ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြုဖွံ့ဖြိုး​ရေးအသင်းမှ လုပ်ငန်းသုံးပစ္စည်းများ​ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ် "​ရွှေ​ရောင်သမိုင်း" အ​ရေး​​ပေါ်ကယ်ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြုဖွံ့ဖြိုး​ရေးအသင်းသည် မြန်မာနိုင်ငံကြက်​ခြေနီအသင်းက ​ဆောင်ရွက်နေသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) အ​ရေး​ပေါ်တုံ့ပြန်​ရေး လှုပ်ရှားမှုများအတွက် စုစု​ပေါင်းတန်ဖိုး​ငွေကျပ် (၅၀၀၀၀၀/-) ရှိလုပ်ငန်းသုံးပစ္စည်းများ​​ပေးအပ်ခြင်းကို ယ​​မန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်း​​ဒေသကြီး၊ ဗိုလ်တ​ထောင်ခရိုင်၊ ဗိုလ်တ​ထောင်မြို့နယ်၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံကြက်​ခြေနီအသင်း (ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ ​ဆောင်ရွက်ခဲ့သည်။

အမရပူရမြို့နယ် ကျောင်းအပ်နှံရေး အခမ်းအနားပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်​မြေခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ခရမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။

လှည်းကူးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဇရပ်ကွင်းကျေးရွာ အခြေခံပညာအလယ်ကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သာကေတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to