လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းတွင် သင်တန်းဖွင့်ပွဲကျင်းပလျက်ရှိသည်။

ပိုင်ကျုံမြို့၌ မိသားစုအပိုဝင်ငွေ ရရှိစေရေးအတွက် တပိုင်တနိုင် ရှောက်ယိုထိုးခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  မိသားစုစားဝတ်နေရေး  အဆင်ပြေစေရေးနှင့် အပိုဝင်ငွေ ရရှိစေရေးအတွက် တပိုင်တနိုင် ရှောက်သီးယိုထိုးခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ကိုယ်ပိုင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က အမှတ်(၁၂)ရပ်ကွက်ရှိ မြင့်မြတ်ပညာကိုယ်ပိုင်ကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်း၌ “အိုးစည်ဗုံမောင်း ခြိမ့်ခြိမ့်သဲကာ ဆင်နွှဲကြသည့် မြန်မာ့ရိုးရာကထိန်ပွဲ” အကြောင်း ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက “အိုးစည်ဗုံမောင်း ခြိမ့်ခြိမ့်သဲကာ ဆင်နွှဲကြသည့် မြန်မာ့ရိုးရာကထိန်ပွဲ”အကြောင်း ဆွေးနွေးပွဲ Talk Show ကျင်းပကြောင်း သိရသည်။

ဂွမြို့တွင် ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခု စတင်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ပူးပေါင်းစစ်ဆေးရေးဂိတ် အသစ်တစ်ခုကို ယမန်နေ့က ဒေါင့်ချောင်းကျေးရွာ၌  စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာမှ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်  အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့က၊ ကွမ်သဲကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် (ကွမ်သဲနှင့်ခရိုက်သစ်) ကျေးရွာပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်သည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မှိုစိုက်ပျိုးနည်းသင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မိုးဆွေကျေးရွာအုပ်စု၊ မိုးဆွေကျေးရွာ စိုက်ပျိုးရေးအသိပညာပေး (KC) ခန်းမ၌ မှိုစိုက်ပျိုးနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Subscribe to