သံတောင်ကြီးမြို့တွင် ပေါ်ဦးပေါ်ဖျားဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုမေလနောက်ဆုံးပတ်တွင် ပေါ်ဦးပေါ်ဖျား ဂေါ်ရခါးသီးများ ခူးယူရောင်ချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ဒေဒါခိုကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများက ပထမအကြိမ် မြစိမ်းရောင်ရန်ပုံ‌ငွေ ပြန်လည်ထုတ်ချေးခြင်းကို ဒေဒါခိုကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ကျောင်းဆောင်သစ် မုခ်ဦးဖွင့်ပွဲနှင့် လွှဲပြောင်းအပ်နှံပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ဒေးဒရဲ) ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းအပ်နှံပွဲနှင့် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအထက်တန်းကျောင်းတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ ကျောင်းဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ရှိသူများ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ပြီး ကျောင်းဆောင်သစ်နှင့် သင်ထောက်ကူပစ္စည်းများအား  ကြည့်ရှု့စစ်ဆေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြဌာန်းစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ရွှေလေးကျေးရွာ၊ ဇော်ဂျီဂေါက်ကွင်းတွင် ယနေ့ နံနက်(၇)နာရီက ၂၀၂၃ ခုနှစ် မိုးရာသီ အကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ၂၀၂၄-ခုနှစ်အတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်း GISနည်းပညာနှင့် Census Units မြေပုံရေးဆွဲပြုစုခြင်းလုပ်ငန်းကိုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်၂၀၂၄-ခုနှစ်အတွက်ပြည်လုံးကျွတ် သန်းခေါင်စာရင်း GIS နည်းပညာနှင့်Census Units မြေပုံရေးဆွဲပြုစုခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၈)နာရီ  အချိန်က မင်းကုန်းရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦး စီးမှူးရုံးတွင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် နွေနှမ်းစမ်းသပ်ယှဉ်ပြိုင်ကွက်တွင် မှတ်တမ်းများ ကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှမ်းစိုက်တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက်စေရေး အတွက် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် နွေနှမ်းစမ်းသပ်ကွက်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီက မှတ်တမ်း ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် သစ်ဝောာဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှု ဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက အ.မ.က(မြို့သစ်) ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးနှင့် စားသောက်ကုန်ပစ္စည်းများ တပ်မတော်ကမ်းထိုး ရေယာဉ်ဖြင့် ရောက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော တပ်မတော် ကမ်းထိုးရေယာဉ်ပေါ်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီထောက်ပံ့သော စားသောက်ကုန် ပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို နယ်မြေခံတပ်မမှူး၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများက စစ်ဆေး လက်ခံရယူခဲ့ပြီး မြို့တော်ခန်းမသို့ ပြောင်းရွှေ့ပေးခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Subscribe to