ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ ( Talk Show ) ကျင်းပ

တောင်သာ မေ ၃၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက် (၉) နာရီ အချိန်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                    

အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်  အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အား ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးနှင့် ရုပ်သံကျွမ်းကျင် (၃) ဒေါ်ဌေးဌေးဝင်းတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ အမှိုက်တွေ ကို စနစ်တကျ စွန့်ပစ်ဖို့၊ သစ်ပင်သစ်တောများ စိုက်ပျိုးဖိုနဲ့ ရှင်သန်အောင် ထိန်းသိမ်းဖို့၊ ပိုးသတ်ဆေး တွေကို စနစ်တကျ ကိုင်တွယ်သုံးစွဲ စွန့်ပစ်ကြဖို့၊ လျှပ်စစ်မီးကို လိုအပ်သလောက် သုံးစွဲဖို့၊ ရေကို ဆုံးရှုံးမှု မဖြစ်စေရေး ချွေတာသုံးစွဲဖို့၊ ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ လူသားတွေ ဆက်လက်ရပ်တည်နိုင်ဖို့ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(ပြန်/ဆက်)