ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “မီးခိုးမြူငွေ့ ညစ်ညမ်းမှုအကြောင်း အသိပညာပေး" Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက “မီးခိုးမြူငွေ့ ညစ်ညမ်းမှုအကြောင်း အသိပညာပေး" Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃)နာရီက ခရိုင်လေ့ကျင့်ရေးကွင်း မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသည်။

ရေးမြို့နယ်၌ အလင်းဝင် PDF လူငယ်(၂) ဦးအား မိဘများထံသို့ ပြန်လည်အပ်နှံခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ရေးခရိုင် ရေးမြို့နယ်တွင် အလင်းဝင် PDF လူငယ်(၂) ဦးအား မိဘများထံသို့ ပြန်လည်အပ်နှံခြင်း အခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ရေးမြို့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြလုပ်ရာ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ကျောင်းများအချိ န်မီဖွင့်လှစ်နိုင်ရေး မြို့ပေါ်ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများမှ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် အပျက်အစီးများခဲ့ရာ ပြိုပျက်မှုများတွင် စာသင်ကျောင်းများလည်းပါဝင်သည်။ ဇွန်လ(၁)ရက်နေ့တွင် အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ပျက်စီးဆုံးရှုံးခဲ့သောမြို့ပေါ်ကျောင်းများအား ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဆရာ၊ဆရာမများက ယမန်နေ့မွန်းလွဲပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်ခဲ့သည်။

မူဆယ်မြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့နယ်တွင် ယနေ့နံနက် (၉း၀၀)အချိန်က အမှတ်(၂)အခြေခံပညာအထက်ကျောင်း၌ ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ကြသည်။

ကျောက်တံခါးမြို့နယ်၌ စပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေး ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်ရန် မျိုးစေ့ချ ကိရိယာ (Seeder) ပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ စပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေး ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်ရန် လယ်ယာသုံးစပါးမျိုးစေ့ချကိရိယာ (Seeder) ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခြံပြင်ကျေးရွာရှိ စံကားတောင်ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြင်ဆင်ပြီးစီးမှုအား လှည့်လည်ကြည့်ရှု

သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၈း၃၀ နာရီက သံတွဲမြို့ ခြံပြင်ကျေးရွာရှိ စံကားတောင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း အဆောက်ဦးပျက်စီးမှုအား ပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့သည်။

နောင်ချိုမြို့နယ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ပေါက်ကွဲစေတတ်သော ပစ္စည်းများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီအချိန်က လုံစံကျေးရွာအုပ်စု ကသည်းမြောင်ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး (ဒုတိယအကြိမ်) အလှူငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

ဆိုင်ကလုန်မုန်တိုင်း (မိုခါ) ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး (ဒုတိယအကြိမ်) အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၂၉၁၂၉ ဦးကျောင်းအပ်နှံထား

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများကိုလည်း ဖွင့်လှစ်နိုင်ရန်စီစဉ်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှသိရသည်။
Subscribe to