တောင်သာမြို့နယ်တွင် ၂၀၂၃ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး

တောင်သာ မေ ၃၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ များကို မေလ (၃၁) ရက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။              

ထိုသို့စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် စပါး၊ စိုက်ပျိုးဧက လယ်တစ်ဧကကို ငွေ ကျပ် ( ၁၅၀၀၀၀/- ) နှုန်း၊ ယာတစ်ဧကကို ငွေကျပ် (၁၀၀၀၀၀/-) နှုန်းဖြင့် ဇဂျမ်းကျေးရွာရှိ တောင်သူ (၈) ဦး၊ ဧကပေါင်း (၄၆) ဧက အတွက် စုစုပေါင်း ငွေကျပ် (၄၆) သိန်းကို ကျေးရွာများ ရှိ တောင်သူ (၈) ဦးအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေး ပေးလျက်ရှိကြောင်း သိရ သည်။

ကျန်ရှိသည့် တောင်သူများအားလည်း စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွာမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ် မန်နေဂျာ  ဦးသက်ခိုင်ဇော်ထံမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)