ပန်ဆိုင်း (ကြူကုတ်)မြို့၌ (၃၄) ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ (၃၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကျင်းပနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် မီးသတ်စခန်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့တွင် “ဒို့လက်များ” ကုဋီသန့်ရှင်းရေးအဖွဲ့သို့ အလှူငွေများလာရောက်လှူဒါန်း

တံတားဦးခရိုင် တံတားဦးမြို့ “ဒို့လက်များ” ကုဋီသန့်ရှင်းရေးအဖွဲ့သို့ စေတနာရှင်၊ အလှူရှင်များမှ အလှူငွေများကို ကုဋီသန့်ရှင်းရေးအဖွဲ့ဝင်များထံသို့ အသီးသီးလာရောက်လှူဒါန်းကြကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက်(၉:၃၀)အချိန်က အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ရပ်ရွာဖွံဖြိုးတိုးတက်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်(၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၂)ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ပင်လုံလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက်၊ အမျိုးသားအေင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပြသခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဖွဲ့စည်းထားသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် မီးသတ်ပစ္စည်း ကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်စေရန်ရည်ရွယ်၍ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့ နံနက် (၉) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များ Talk Show ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး (Community Centre) ခန်းမတွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များနှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို တာမွေမြို့နယ် မီးသတ်စခန်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to