ကျုံပျော်မြို့နယ် လှည်းဆိပ်ကျေးရွာသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု များကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော် မြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။