တနင်္သာရီမြို့၏ကျက်သရေဆောင် သမိုင်းဝင် ရာဇမင်္ဂလာကန်တော်အား မူလပုံစံမပျက် အဆင်မြင့်တင်ပြုပြင်မွမ်းမံတည်ဆောက်

တနင်္သာရီ မေ ၃၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ ကျက်သရေဆောင် သမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ် ကိုယ်တိုင်ဦးဆောင်မှုဖြင့် ကန်ဘောင်ရိုးအဆင့်မြှင့်တင်ခြင်း ၊ကန်အလယ် ရှိရှင် ဥပဂုတ္တရုပ်ပွားတော် ပူဇော်ရန် ဆက်သွယ်ထားသည့် သစ်သားတိုင်များအစား (၇၆ပေ-၆ပေ) အရွယ် သံကူကွန်ကရစ်တံတားအဖြစ်သို့လည်းကောင်း၊ ရှင်ဥပဂုတ္တရုပ်ပွားတော် ပူဇော်ခံ ကျောင်းဆောင်ကို(၂၀ပေ×၂၀ပေ)အထိသို့လည်းကောင်း  မူလပုံစံမပျက်စေဘဲ အဆင့်မြင့်တင်၍ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း(၅၃၀)ခန့်ဖြင့် ၂၀၂၃ခုနှစ်၊ဧပြီလလယ်မှစ၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း အားလုံး၏(၆၀)ရာနှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရာဇမင်္ဂလာကန်တော်သည် တနင်္သာရီမြို့ ချောင်းငယ်ကျောင်းတိုက်၏ မြောက်အရပ်တွင် တည်ရှိပြီး၎င်းနေရာတွင် မဟာသီရိဓမ္မသောကမင်းကြီးမှ ရေကန် တော်နှင့်စေတီတော် တို့ကို လှူဒါန်းလေသည်။ ၎င်းမှာချောင်းငယ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ နန်းဦး စေတီနှင့် ရာဇမင်္ဂလာကန်တော်ပင်ဖြစ်သည်။

 ထိုမင်္ဂလာကန်တော်ကို တနင်္သာရီမင်း ဆက်များက ဦးခေါင်းဆေးမင်္ဂလာ ပြုရာတွင်အဓိက အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။ကန်ဘောင်ရိုးအလျား(၂၀၀)ပေခန့်ရှိသည်။ ကန်ဘောင်အမြင့်ပေ(၁၀)ပေ၊ အကျယ်(၂၀ပေခန့်ရှိ၍ ကန်၏အနက်မှာ (၁၀)ခန့်ရှိသည်။ ချောင်းငယ် ကျောင်းတိုက်ဆရာတော်က အုတ်နံရံများနှင့်ဝင်းတံခါးများကို ထိန်းသိမ်းစီမံဆောင်ရွက် ထားရှိကြောင်း သိရသည်။

၎င်းရာဇမင်္ဂလာကန်တော်အား ၁၉၇၀ ပြည့်နှစ်တွင် ကန်ဆယ်ခြင်းတစ်ကြိမ်ပြု လုပ်ခဲ့သည်။ ၁၉၉၂ခုနှစ်၌ အာဏာပိုင် အဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူလူထုလုပ်အားဖြင့် ကန်ဆယ်ခြင်း၊ ကန်အောက်ခြေမြေသားဘောင်များကို အုတ်ရိုးစီခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ၂၀၁၀ခုနှစ်တွင်၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူ ဟာမှူးက ဦးစီး၍ စက်ယန္တရားဖြင့် ကန်ဆယ်ခြင်း၊ ကန်ဘောင်များမွမ်းမံခြင်းနှင့် ကန်တော်အဝင်လမ်း ကို အရှေ့ဘက်မှ ဖောက်လုပ်ပေးခဲ့ကြောင်း၊  အလားတူ ၂၀၁၅ခုနှစ်တွင်ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးဦးဆောင်၍ ကန်ဘောင်ကို ထပ်ဆင့်မွမ်းမံခြင်း၊ သစ်သာတံတား မွမ်းမံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင်၂၀၂၁ခုနှစ်တွင်ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် အမှတ် (၃)စစ်ဗျူဟာမှူးတို့က ကန်ဆယ်ခြင်း၊ ကန်ဘောင်ထပ်ဆင့် မွမ်းမံခြင်း၊ သစ်သား တံတားမွမ်းမံခြင်းတို့ကို ထပ်မံဆောင်ရွက် ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ယခုအခါ နှစ်ကာလကြာမြင့်လာ သည်နှင့်အမျှ သစ်သားတံတားနှင့် ရှင်ဥပဂုတ္တ ကျောင်းဆောင်တို့သည် ဟောင်းနွမ်း ယိုယွင်းနေသောကြောင့် မူလပုံစံမပျက် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်လျက်ရှိပါသဖြင့် အရပ်ဝေး/အရပ်နီးမှစေတနာရှင် မိဘပြည်သူများ အနေ ဖြင့် တတ်အားသရွှေ့လူဒါန်းလိုပါက ဦးကျော်ကျော်ခေါင် (အကျိုးတော်ဆောင်) Ph;09 402955246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)