ကဝမြို့နယ်၌ စပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေး ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်ရန် မျိုးစေ့ချ ကိရိယာ (Drum Seeder) ပေးအပ်ပွဲနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ စပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေး ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်ရန် လယ်ယာသုံးစပါးမျိုးစေ့ချ ကိရိယာ (Drum Seeder)ပေးအပ်ပွဲကို  ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်စက်မှုလယ်ယာရုံး၌ ကျင်းပခဲ့သည်။

ပင်းတယ၌ မြေပဲအထွက်နှုန်းတိုးပြီး ဈေးကောင်းရရှိရန် မြေပဲစိုက်တောင်သူများ မျှော်လင့်နေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ်လုပ်ကြပြီး ဒေသနှင့်ကိုက်ညီသည့် သီးနှံများကိုစိုပျိုးရောင်းချကြရာ ယခုမိုး ဦးကာလတွင်စိုက်ပျိုးထားသည့် မြေပဲစိုက်စိုက်တောင်သူများ မြေပဲအထွက်နှုန်းတိုးပြီး ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းသင့် အခြေခံပညာကျောင်းများမှ မဖြစ်မနေ ယာယီစာသင်ဆောင် ဆောက်လုပ်ရမည့် ကျောင်းများအား တာပေါ်လင်စနှင့် ထောက်ပံ့ငွေများ ပေးအပ်

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးသက် နှင့် တာဝန်ရှိသူများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မဖြစ်မနေ ယာယီစာသင်ဆောင် ဆောက်လုပ်ရမည့် ကျောင်းများအား တာပေါ်လင်စနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဖျာပုံမြို့နယ်တွင် ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကွန်ဒိုင်းကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါ​ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ပေးခဲ့သည်။

မုဒုံမြို့နယ်ရှိ ကျေးရွာသုံးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

မွန်ပြည်နယ် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို မေ ၃၀ ရက်နေ့က ကျေးရွာသုံးရွာတွင် ကွင်းဆင်းထုတ်ချေးပေးသည်။

ရသေ့တောင်မြို့၌ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရှင်းလင်းဆောင်ရွက်မှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များအား စနစ်တကျ သိမ်းဆည်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းသဖြင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊ မုန်တိုင်းကြောင့် မြို့ပေါ်တွင်လည်း အပျက်အစီးများခဲ့ရာ ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ လမ်းအလိုက်သစ်ပင်၊ သစ်ခတ်များ ခုတ်လှဲဖယ်ရှားခြင်းများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိခဲ့သည့် အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်း ဦးဆောင်၍ စည်ပင်ဝန်ထမ်းများမှ အမှိုက်များအား စနစ်တကျ ကားကြီးများဖြင့် ဖယ်ရှားဆောင်ရွက်ခဲ့ကြရာ ယနေ့နံနက်ပိုင်းက မြို့မစျေးလမ်းရှေ့တစ်လျှောက် အမှိုက်သရိုက်များအား စည်ပင်ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ စည်ပင်အမှိုက်သိမ်း ကားပေါ်သို့ ဝိုင်းဝန်တင်ဆောင်ခဲ့ကြသည်။

တန့်ယန်းမြို့နယ်တွင် ကျေးရွာမိခင်များအဖွဲ့အား အရင်းမပျောက် မတည်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနက မြို့နယ်အတွင်းရှိ စီမံကိန်းဝင်ကျေးရွာများမှ ကျေးရွာမိခင်များအဖွဲ့အား အရင်းမပျောက် မတည်ရန်ပုံငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းရုံး၌ ကျင်းပသည်။
Subscribe to