မိုးညှင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီး ဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် လူငယ် ရေးရာနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၁)နာရီက အခြေခံ ပညာအလယ်တန်းကျောင်း(မြို့မ)၌ အသိပညာပေး ဟောပြောခဲ့သည်။

ပြည်သူများ လုံခြုံရေးအတွက် မြို့ဝင်၊ မြို့ထွက် ဂိတ်များ၌ စစ်ဆေးရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ၏ လုံခြုံရေး အတွက် မြို့ဝင်၊ မြို့ထွက်စစ်ဆေးရေးဂိတ်တွင် မြို့နယ်အတွင်း ဝင်ထွက် သွားလာနေသည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ယနေ့နံနက်ပိုင်းမှစ၍ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ညောင်တုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ဝမ်းတွင်းမြို့နယ်တွင် မြေပဲဖော်ချိန် ဈေးကောင်းရ၍ တောင်သူများအဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ထနောင်းကုန်းကျေးရွာရှိ မြေပဲစိုက်တောင်သူများအနေဖြင့် မြေပဲများဖော်ချိန်တွင် အထွက်နှုန်းကောင်းကာ ဈေးကောင်းလဲရရှိတာကြောင့် တောင်သူများအဆင်ပြေကြောင်း တောင်သူဦးကျော်ငြိမ်းထံမှ သိရသည်။

​ ပေါက်တောမြို့ရှိ လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီး၌ (၁၈) ကြိမ်​မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ရခိုင်​​ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ရှိ လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီး၌ (၁၈)ကြိမ်​မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။

ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန၌ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး (TALK SHOW) ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ဒေသနေပြည်သူများ အိမ်တွင်းအကြမ်းဖက်မှု များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အိမ်တွင်းအကြမ်းဖက် မှုဆိုင်ရာ အသိပညာပေး (TALK SHOW) ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြု ဗဟိုဌာန(Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်၊၊

ငွေဆောင်မြို့၊ မဟာပုညာရာမကျောင်းတိုက်၌ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မန္တလေးမြို့နေ ဦးထွန်းမြင့်+ဒေါ်ခင်မြ၊ Dr,အောင်ရဲ(B.D.S)+ဒေါ်ကြူကြူအောင် တို့အား အမှူးထားလျက် အလှူဒါယကာ ဦးသိန်းအောင်+ အလှူဒါယကာမဒေါ်ခိုင်ခိုင်သင်းနှင့် (Two Birds Manufacturin Co,ltd) ဝန်ထမ်းများနှင့် မဟာပုညာရာမကျောင်းတိုက် ဒါယကာ၊ဒါယကာမများစုပေါင်းကာငွေဆောင်မြို့၊ မဟာပုညာရာမ ကျောင်းတိုက် ဆရာတော်ဥူးစက္ကိန္ဒအမှူးပြု၍ ပင့်သံဃာ ၂၁ ပါးတို့အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ငွေဆောင်မြို့၊ မဟာပုညာရာမကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရပ်စောက်မြို့၌ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်အား အသိပေးကြော်ငြာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မိဘပြည်သူများသို့အသိပေးထုတ်ပြန်ချက်ပါ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) စာရင်းနှင့်ပတ်သက်၍ လဝကရုံးသို့ ဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် e-ID Biographic Registration Software စာရင်းရေးသွင်းဆောင်ရွက်ထားရှိမှု လုပ်ငန်းစဉ်များအား အသံချဲ့စက်ဖြင့် အသိပေးကြေငြာခြင်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငပု​တောမြို့၌ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၏ စုပေါင်းမဟာဘုံကထိန်အလှူပွဲတော် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို အစဥ်အလာမပျက် နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိရာ ယ​မန်နေ့ နံနက် (၉)နာရီအချိန်က ငပု​တောမြို့ အ​နောက်ပိုင်းရပ်ကွက်ရှိ ​ဓမ္မမဥ္ဇူကျောင်းတိုက် ဘုန်းတော်ကြီး​ကျောင်း ဓမ္မာရုံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး (ဧက ၁၀၀) စံပြကွက်ရိတ်သိမ်း‌မှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် ဆင်းသုခ (ဧက ၁၀၀) စံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ မွန်းလွှဲ (၃)နာရီအချိန်က ဆီဆုံကုန်းကျေးရွာအုပ်စု တောင်သူ ဦးနိုင်ဝင်းဆွေ စိုက်ပျိုးထားသည့် ကွင်းအမှတ် (၈၉၄-က) ၊ ဦးပိုင်အမှတ် (၃၂/၄)ရာသီ စပါးဆင်းသုခကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးအခြောက် အထွက်နှုန်း (၁၀၇)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
Subscribe to