ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၄၀၇)ဧက အောင်မြင်စွာစိုက်ပျိုးနိုင်ရေး သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခုအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် မေ  ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် တောင်သူများအနေဖြင့် ဆည်ရေများကိုအသုံးပြုကာ စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သီးနှံမျိုးစုံ (၄၀၇)ဧက အောင်မြင် စွာစိုက်ပျိုးနိုင်ရေး သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခုအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကျအဆောက်အအုံသည် နောင်ခမ်းဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေများပေးဝေနေသည့် ဆည်ရွာကျေးရွာအနီး သင်းဒီးမြောင်း၏ မြောင်းအမှတ် အာဒီ(၃၉+၀၀၀)တွင်တည်ရှိပြီး မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(၁၆.၅)ကျပ်သန်းအကုန်အကျခံကာ အလျား(၇၅)ပေ၊ အကျယ်(၈)ပေ၊ အမြင့်(၄)ပေ ရေကျအဆောက်အအုံဖြစ်ကြောင်းနှင့် လုပ်ငန်းများသတ်မှတ်အချိန်၊ သတ်မှတ်ကာလ အတွင်းပြီးစီးရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူကာ ပျက်စီးနေသည့် ရေကျအဆောက်အအုံ၏ အထက်ပိုင်းနှင့် အောက်ပိုင်း ကြမ်းခင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် မြောင်းဘောင်များ ကျောက်ဆလံစီခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အတွင်း နောင်ခမ်းဆည်ရေသောက်စနစ်၊ နွားတက်မြောင်းမှ စိုက်ပျိုးရေများပေးဝေနေသည့် ရေကျအဆောက်အအုံ  ပြန်လည်ပြုပြင်ဆောင်ရွက်ပေးမှုကြောင့် ဒေသခံတောင်သူများ ၏ သီးနှံမျိုးစုံ(၄၀၇)ဧကအတွက် ရေများပေးဝေရာတွင် မြောင်းအဆုံးမှမြောင်းအဖျားအထိ ရေအလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာ သီးနှံများအောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏပြည်ဝစွာ ပေးဝေနိုင် တော့မည်ဖြစ်ပြီး တောင်သူများ၏ လူမှုဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)