တံတားဦး မေ ၃၁
တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ တံတားဦးမြို့နယ် အမျိုးသမီးရေးရာဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီက လာရောက်လှူဒါန်းကြောင်း သိရသည်။
တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ လာရောက်လှူဒါန်းခြင်းအနေဖြင့် စာပေချစ်သူများအတွက် အသိပညာဗဟုသုတများ တိုးပွားရရှိရေး၊ စာပေများဖတ်ရှုခြင်းဖြင့် အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စေရေး၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ဗဟုသုတ အသိအလိမ္မာများ တိုးပွားရရှိစေရန်ရည်ရွယ်ပြီး တံတားဦးမြို့နယ် အမျိုးသမီးရေးရာဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်ထံမှ သိရသည်။
အဆိုပါ စာအုပ်များလှူဒါန်းခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြညဘ်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်တွင် ဆောင်ရွက်ကြပြီး စာပေချစ်သူများအတွက် တံတားဦးမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ စာအုပ်(၁၃)အုပ်ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်တို့က အသီးသီးလက်ခံရယူကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)