ဟားခါးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြီး သုခိတာရုံသီလရှင် စာသင်တိုက်ဓမ္မာရုံတွင် သံဃာတော်၊ သာမဏေနှင့် သီလရှင် ဆရာလေးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်း တက်ရောက်အမှာစကားပြောကြားသည်။