ချမ်းမြသာစည်မြို့ယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ချမ်းမြသာစည်မြို့ အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗုတမ္ပခန်းမတွင် ယနေ့နံနက် ၈ နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ချောက်မြို့တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်​​ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မေ ၃၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၄)ရပ်ကွက်ဇောတိက ရပ်ရှိလူနေအိမ်ပေါ်သို့ သစ်ပင်ပြိုလဲခဲ့ရာ နေအိမ်နှင့်လူများ ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးမှုအတွက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန္နီမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဆူးကဏန်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး ရာသီသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်)နှင့် ထုံးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ဆူးကဏန်းကျေးရွာအုပ်စု တောင်သူဦးတင်နွယ်ဦး ၏ ကွင်းအမှတ် (၁၃၀)၊ ဦးပိုင်အမှတ် (၁၇) တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) နှင့် ထုံးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၁ နာရီခွဲခန့်ကကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းလာရောက်အပ်နှံ သူဦးရေပေါင်း တစ်သောင်းရှစ်ထောင်ကျော်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ယနေ့အထိ လာရောက်ကျောင်းအပ်နှံသူ ဦးရေပေါင်း တစ်သောင်းရှစ်ထောင်ကျော်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင် နှစ်အခြေခံပညာကျောင်းများ သန့်ရှင်းစွာဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ် အမ်းခရိုင်၊အမ်းမြို့ နယ်တွင်၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများသန့်ရှင်းစွာ ဖွင့်လှစ်ပညာ သင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန္နီမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် မွေးမြူရေးဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းအချိန်က ပန်လော့ကျေးရွာရှိ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေသည့် ပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ဖြန့်ဝေပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက်ပိုင်းက ရေသန့်စင်ကား IR9489 ဖြင့် သန့်ရှင်းသော သောက်သုံးရေများကို ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်နှင့် တေဇာရာမကျောင်းတိုက် ယာယီနေရပ်စွန့်ခွာစခန်းများရှိ စခန်းနေပြည်သူများအား ရေသန့်များအား ဖြန့်ဝေပေးခဲ့ပြီး၊ ရေသန့်စင်ကား IR9469 ဖြင့် သန့်ရှင်းသော သောက်သုံး ရေများကို ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်နှင့် ပညာရမီကျောင်းတိုက် ယာယီနေရပ်စွန့်ခွာစခန်းများရှိ စခန်းနေပြည်သူများအား ရေသန့်များအား ဖြန့်ဝေပေးခဲ့သည်။

မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးခဲ့သည့် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ဝတ်အသင်းများက ဓမ္မစကြာသုတ်၊ပဋ္ဌာန်းတရား ရွတ်ဖတ်ပူဇော်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်း တိုက်၌ သီတင်းသုံးခဲ့သည့်ဗန်းမော် ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဘိဓဇ အဂ္ဂမဟာရဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါ အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား၍ အနယ်နယ်အရပ်ရပ်မှ နေ့စဉ်ရဟန်းရှင် လူအများလာရောက်ဖူးမြှော်ကြသည့်အသင်း နေ့စဉ်ဝတ်အသင်းများက နံနက်(၈)နာရီတစ်ကြိမ်၊ မွန်းလွဲ (၁)နာရီ တစ်ကြိမ်၊ ညနေ ၆နာရီခွဲတွင် တစ်ကြိမ် ဓမ္မစကြာသုတ်၊ ပဋ္ဌာန်းတရားတော်များဖြင့် ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀)နာရီက အခြေခံပညာအထက်တန်းကျောင်း (သုဝဏ္ဏ) ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to