ရွှေကူမြို့ရှိ အခြေခံကျောင်းများတွင် ကျောင်းသား ကျောင်းသူ (၁၀၈၇၅)ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစတင်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ရှိ အခြေခံကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း၌ အသီးသီး စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၁၀၈၇၅)ဦး တို့သည် သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများကို အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိကြောင်း သိရသည်။