ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်ရာ တက်ရောက်ကြသည့် ကျောင်းသား/ကျောင်းသူများဖြင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများကို ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများဖြင့် စည်ကားလျက်ရှိသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မိုခါမုန်တိုင်းဒဏ်ခံ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲ အခမ်းအနား၊ အခြေခံပညာအထက်တန်းကျောင်းများ၏ စတင်ဖွင့်လှစ်နေမှုနှင့် စာသင်ကြားနေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှကျင်းပသော မိုခါမုန်တိုင်းဒဏ်ခံ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်(ရဲကျောင်း)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ်နှင့် မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းဝင်များ၊ မွန်ပြည်နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ အလှူရှင်များ တက်ရောက်ခဲ့သည်။

မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အထ.က (မြေပုံ) ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများ ပညာသင်ကြားနေမှုအား ကြည့်ရှု

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုင်ငံအဝှမ်း အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြေပုံမြို့နယ်၌လည်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(မြေပုံ)ကျောင်းသို့ သွားရောက်ကြည့်ရှုသည်။

ပူတာအိုခရိုင်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Talk Show   ဆွေးနွေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၃ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ အကြောင်း အရာများအား သိရှိစေရန်နှင့်ပလပ်စတစ်၏ဆိုးကျိုးများအားပြည်သူများသိရှိပြီး ပလပ်စတစ်သုံး စွဲမှုလျော့ချရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Talk Show ကို ဇွန်(၁)ရက် နံနက်(၁၁) နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌ ကျင်းပသည်။

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်(၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်ရေး ချည်မျှင်ရှည်ဝါမျိုးစေ့များ အခမဲ့ပေးအပ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်အတွင်းရှိ ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်း မျိုးသန့် စိုက်ပျိုးနိုင်ရေး ချည်မျှင်ရှည်ဝါမျိုးစေ့များ အခမဲ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၈နာရီခွဲ အချိန်က ရေချိုကျေးရွာရှိ စိုက်ပျိုးရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုအခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပခဲ့သည်။

နမ္မတူတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ် သင်ကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံတစ်ဝန်း အခြေခံပညာစာသင်ကျောင်းများအား ဇွန်လ (၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ နှင့်ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ  ဒေသဖွံ့ဖြိုးရေးညှိနှိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများ ၊ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့၌ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၃-၂၄ပညာသင်နှစ်ဝန်ထမ်းသားသမီးများကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို မေလ ၃၁ ရက် နံနက် ၁၁နာခွဲခန့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိ ရသည်။        
Subscribe to