ဖလမ်း ဇွန် ၁
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစ၍ ပြန်လည် ဖွင့်လှစ်လျက်ရှိရာ ကျောင်းသားကျောင်းသူများပျော်ရွှင်စွာတက် ရောက်လျက်ရှိကြကြောင်းသိရသည်။
ဖလမ်းမြို့၌အမှတ်(၁)၊(၂)၊(၃)အခြေခံပညာ အထက်တန်းကျောင်းများ၊ အခြေခံပညာမူလတန်း ကျောင်းများပြန်လည်ဖွင့်လှစ် လျက်ရှိရာနိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ၊ဘောလ်ပင်၊ ခဲတံများကို ကျောင်းသားကျောင်းသူများအား အခမဲ့ထောက်ပံ့ ပေးလျက်ရှိကြောင်းသိရသည်။
ဖလမ်းမြို့တွင် ကျောင်းအပ်နှံသူမူလတန်းအဆင့်(၁၇၅၃)ဦး၊ အလယ်တန်းအဆင့်(၈၆၄)ဦး၊ အထက်တန်း အဆင့်(၃၂၇)ဦး စုစုပေါင်း(၂၉၄၄)ဦးရှိကြောင်း၊ အစိုးရအသိအမှတ်ပြု LAI Lun Academy ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွင် မူလတန်းအဆင့် (၂၁၀)ဦးနှင့်Light House ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွင် မူလတန်းအဆင့်(၁၂၂)ဦးရှိကြောင်းသိရသည်။
ရဲမြင့်အောင်