ကမာရွတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ စတင်ပညာသင်ကြား

ကမာရွတ် ဇွန် 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ(၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ် ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါအခြေခံပညာကျောင်းများ ဖွင့်လှစ်ရာ၌ မြို့နယ်ပညာရေးမှူး ဦး​​ပေါ်ဦး၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/သူမိဘများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ဝိုင်းဝန်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်မှ မေလ(၃၁)ရက်နေ့အထိ သက်မှတ်ကာကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊  ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ 

ကမာရွတ်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း(၁၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(၆) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်း ( ၂၆)ကျောင်း စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)