သိန္နီ ဇွန် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်း အချိန်မှစတင်ကာ အခြေခံပညာကျောင်းဖွင့်လှစ်၍ အေးချမ်းစွာဖြင့် ပညာသင်ကြားပေးလျက်ရှိသည်။
သိန္နီမြို့နယ်တွင် အခြေခံပညာကျောင်း (၆၂)ကျောင်းရှိရာ (၄၇)ကျောင်း ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိကြောင်း၊ ၂၀၂၃−၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်၍ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ KG မှစ၍ Grade-12 အထိ သိန္နီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၈၈၂)ဦး စာရင်းပေးသွင်း၍ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)