အရာတော်မြို့နယ်၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ဇွန်လ ၁ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အတန်းစဉ်လိုက် ပျော်ရွှင်စွာ သင်ကြားလျက်ရှိသည်။

ထီးချိုင့်မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်များစတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်‌ ကျောင်းများစတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိ‌သည်။

ဗိုလ်ချုပ်စိုးနိုင်ဦး သံတွဲမြို့ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ပညာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှု

လေဘေးသင့်ဒေသများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် တာဝန် ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းအပ်နှံမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ဇွန်လ(၁)ရက်နေ့ နံနက်(၉)နာရီတွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း/ကျောင်းပြင် လုံခြုံရေးဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

မကွေးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း/ကျောင်းပြင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သိန္နီမြို့၌ အခြေခံရှမ်းစာ၊ စကား သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ အခြေခံ ရှမ်းစာ၊ စကားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ကာမိုင်းမြို့၌ အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများပညာသင်ကြားလျက်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ဧရိယာအတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအား ယနေ့နံနက် (၉)နာရီမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့၌ ဓမ္မာစရိယအောင် သံဃာတော်များအား စာအောင်ဆုဆက်ကပ်ခြင်းနှင့် နိကာယ်ငါးရပ်စာဖြေဌာန ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဓမ္မာစရိယ အောင်မြင်ခဲ့ကြသော သံဃာတော်များအား စာအောင်ဆုလက်မှတ်၊ ဂုဏ်ပြုဝတ္တုငွေများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် နိကာယ်ငါးရပ်စာဖြေဌာန ဖွင့်ပွဲအခမ်းအနားကို ၁၃၈၅ ခုနှစ် နယုန်လဆန်း ၁၄ ရက်၊ ဇွန်လ ၁ ရက် နံနက် ၉ နာရီက တာချီလိတ်မြို့၊ မြို့နယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ ၁၉၆၈၄ ဦး တက်ရောက်ပညာသင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။
Subscribe to