ရမည်းသင်း ဇွန် ၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ယနေ့နံနက် ၉ နာရီအချိန်ကစတင်ကာ ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရက၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးများ ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းသုံးဝတ်စုံများကို ထောက် ပံ့ပေးအပ်သည်။
ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်း(၁၄)ကျောင်း၊ အ.ထ.ကခွဲ(၁၃)ကျောင်း၊ အ.လ.က(၂၀)ကျောင်း၊ အ.လ.ကခွဲ(၂၁) ကျောင်း၊ မူလတန်းလွန်(၃၂) ကျောင်း၊ မူလတန်း (၁၂၄)ကျောင်း၊ မူခွဲ(၁၂)ကျောင်းနှင့် ဘုန်းတော်ကျောင်းသင်ပညာရေး(၉)ကျောင်း စုစုပေါင်း (၂၃၆) ကျောင်းရှိပြီး ယနေ့ထိကျောင်းအပ်နှံ တက်ရောက်သင်ယူနေသူ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၂၂၂) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀၂၆၆)ဦး နှင့်မူလတန်းအဆင့် (၂၈၃၂၂)ဦး၊ စုစုပေါင်း(၄၃၈၁၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်အခြေခံပညာဦးစီးဌာနမှ သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)