ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ဒေသခံတောင်သူများအား မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြား မိုးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁ ရက်(ယနေ့အထိ) စုစုပေါင်း ချေးငွေကျပ် ၁၆၀၅၅၀၀၀၀ အား ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ် နမ့်အွန်ရေထွက်တွင် ရိုးရာဓလေ့ရေတောင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားသဲကျေးရွာ နမ့်အွန်ရေထွက်တွင်ရေတောင်းပွဲ ကိုရှမ်းရိုးရာဓလေ့ ထုံးတမ်းစဉ်လာများအရ အဆိုပါနမ့်အွန် ရေထွက်နတ်စင်တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ မောက်မယ်မြို့နယ်တွင် ရေထွက်များ ပေါများသဖြင့် နှစ်စဉ်နယုန်လ အတွင်း နေရာဒေသ အသီးသီးကျေးရွာများအလိုက် ရိုးရာဓလေ့ ရေတောင်းပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာတွင် ကြက်ဟင်းခါး တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသူများ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများအနေဖြင့် ဆန်းစပါးကိုအဓိကထား စိုက်ပျိုးကြသော်လည်း တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိရေး မီးဖိုချောင်သုံး အသီးအနှံ များဖြစ်သည့်  ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊နံနံ ၊မုံညင်း စသည့် သီးနှံမျိုးစုံ စိုက်ပျိုးကြ ကြောင်းသိရှိပြီး တံစိုးကျေးရွာတွင် ကြက်ဟင်ခါး  တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

နမ့်စန်တွင် သစ်ပင်အမြစ်လန်လဲကျ၍ လမ်းပိတ်ဆို့နေမှုအား စုပေါင်းရှင်းလင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယနေ့နံနက် ၁၀နာရီခန့်က ဝမ်ပုံကျေးရွာအုပ်စု၊ ဟိုဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှေ့၌ ၂၀ ပေခန့်အမြင့်ရှိ စိန်ပန်းပြာပင်မှာ အမြစ်လန်ကာ နမ့်စန်-လွိုင်လင်ပြည်ထောင်စုလမ်းမကြီးပေါ်သို့ လဲကျ၍ လမ်း ပိတ်ဆို့မှုများဖြစ်ပါ်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်သင်ကြား

ရခိုင်ပြည်နယ်၊ ဂွမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ  ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင်တက်ရောက် သင်ကြားလျက်ရှိသည်။

ကွမ်းခြံကုန်းမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှစ၍  စတင်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်းသိရသည်။

မိုင်းရှူးမြို့၌ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to