နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)၌ သင်တန်းများဖွင့်လှစ်
ဒေသတွင်းစက်မှုလုပ်ငန်းများထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင် ၍ လူနေမှုအဆင့်အတန်းမြှင့်မာလာစေရန်ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge (SB)တို့ပူးပေါင်း ဖွင့်လှစ်သော သင်တန်းများဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များစက်မှုလက်မှု ပညာသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။