တံတားမြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ နယ်တွင်ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ယနေ့နံနက်(၉)နာရီမှ စတင်ဖွင့်လှစ်ရာ တံတားမြို့နယ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက် ရှိသည်။

ညောင်ဦးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်၊ ယနေ့နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်သင်ကြား ပေးလျှက်ရှိသည်။

မိုးကုတ်မြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊  မိုးကုတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ  ၂၀၂၃-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်က မိုးကုတ်မြို့ ဟိုမှိုင်း ရပ်ကွက်ရှိ ဟိုမှိုင်းအလကခွဲကျောင်းခြံဝန်းတွင် အရိပ်ရအပင်များနှင့် ပန်းပင်များအား  စိုက်ပျိုးခဲ့ကြောင်းသိရသည်။

မင်းလှမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦ(၁)လုံးနှင့် လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့ ညနေ(၅)နာရီ (၃၀)မိနစ်က  မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦ (၁)လုံးနှင့်လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ယနေ့နံနက်မှစတင်ဖွင့်လှစ်ရာ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျှော်ရွင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်ကို တွေ့ရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက် စာသင်ကြားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်နှင့် ဒုတိယပါမောက္ခချုပ် (သင်တန်း)နှင့် တာဝန်ရှိသူများသည် ဇွန်(၁)ရက်နေ့က သင်တန်းအသီးသီး၏ ကျောင်းအပ်နှံမှု၊ ကျောင်း တက်ရောက်သင်ကြားနေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ ကျောင်းသား/ ကျောင်းသူများကို အားပေးခဲ့ကြောင်းသိရသည်။

ရမ်းဗြဲမြို့နယ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်လျက်ရှိပြီး  ကျောင်းသား/သူများ ပျော်ရွင်စွာတက်ရောက်ပညာသင်ကြား

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့ တွင်စတင်ဖွင့်လှစ်ခဲ့ရာကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ပျော်ရွင်အေးချမ်းစွာဖြင့် ကျောင်းစတင်တက်ရောက်ပညာသင်ကြားလျက်ရှိကြသည်။

ကော့မှူး၌ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြား

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ အခြေခံပညာကျောင်း အသီးသီးတွင် ယနေ့နံနက်က ကျောင်းသား/ ကျောင်းသူများ တူညီကျောင်းဝတ်စုံ အဖြူအစိမ်းကိုယ်စီဖြင့် ပျော်ရွှင်‌အေးချမ်းစွာ ကျောင်းတက်ရောက်နေသည်ကို တွေ့ရသည်။

ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မူဆယ်မြို့၊ မြန်မာ-တရုတ်နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုအခြေအနေ တိုးတက်လျက်ရှိ

ကိုဗစ်-၁၉ရောဂါ အခြေအနေများကြောင့် ရက်အကန့်သတ်မရှိ ပိတ်သိမ်းရပ်ဆိုင်းပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ မြန်မာ-တရုတ်နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ဇုန်၏ ပို့ကုန်/သွင်းကုန် ကုန်သွယ်မှု အခြေအနေသည် ပြန်လည်တိုးတက်လာကြောင်း သိရသည်။
Subscribe to