တောင်ကြီး ဇွန် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ် (၉/၂၀၂၃)၊ (၄) နှစ်သင် ပထမနှစ်(ဒုတိယနှစ်ဝက်)၊ (၄) နှစ်သင် ဒုတိယနှစ် (ပထမနှစ်ဝက်)နှင့် (၄) နှစ်သင် ဒုတိယနှစ် (ဒုတိယနှစ်ဝက်)သင်တန်းများကို ယနေ့နံနက် ၉ နာရီကစတင်၍ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်(၉/၂၀၂၃) တွင် သင်ပြနည်း ဘာသာရပ်များနှင့် လက်တွေ့ဖွံ့ဖြိုးမှုဘာသာရပ်များကိုလည်းကောင်း၊ (၄) နှစ်သင် သင်တန်းများတွင် သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်းဆိုင်ရာလေ့လာမှုများ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ အနုပညာ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ ဒေသဆိုင်ရာသင်ရိုး၊ ICT၊ ပညာရေးဘာသာရပ်များ၊ ပြန်လည်သုံးသပ်ခြင်းအလေ့အကျင့်နှင့် မရှိမဖြစ်သည့် ကျွမ်းကျင်မှုများ၊ လက်တွေ့တန်းပြလေ့ကျင့်ခြင်း စသည့်ဘာသာရပ် ၁၄ မျိုးကို သက်ဆိုင်ရာ ဘာသာရပ် အလိုက် ဆရာ၊ ဆရာမများက ပို့ချသင်ကြားပေးလျက်ရှိသည်။
အဆိုပါ တောင်ကြီးပညာရေးဒီဂရီကောလိပ်၏ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း(PPTT) အမှတ်(၉/၂၀၂၃) သို့ ကျား ၂၁ ဦး၊ မ ၂၁၆ ဦး၊ ၄ နှစ်သင် ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းသို့ ကျား ၂၈ ဦး၊ မ ၁၄၈ ဦး ၊ ၄ နှစ်သင် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းသို့ ကျား ၉၀ ဦး၊ မ ၁၆၈ ဦး ၊ ၄ နှစ်သင် ဒုတိယနှစ် (ဒုတိယနှစ်ဝက်)သင်တန်းသို့ ကျား ၁၈ ဦး၊ မ ၉၉ ဦး၊ စုစုပေါင်း သင်တန်းသား/သူ ၇၈၈ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း