လှိုင် ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့စတင်၍ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်း(၆) ကျောင်း၊ မူလတန်းကျောင်း(၃၀)၊ စုစုပေါင်း စာသင်ကျောင်း (၄၀) ကျောင်းတွင် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ စာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းများ ဖွင့်လှစ်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှအနီးကပ်ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များဖြင့် လုံခြုံရေးနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)