မော်လမြိုင်ကျွန်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား U.18 (အမျိုးသား) ဘောလုံးပြိုင်ပွဲ တွင်းဒုတိယဆုရရှိခဲ့သည့် လပွတ္တာခရိုင်ကိုယ်စားပြု မော်လမြိုင်ကျွန်းမြို့နယ်မှ ဘောလုံးအားကစားသမားများနှင့် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် အားကစားသမားတို့အား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လည်(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်မှာစကား ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်ဖလား U.18 (အမျိုးသား)ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် လပွတ္တာခရိုင်ကိုယ်စားပြု မော်လမြိုင်ကျွန်းမြို့နယ်မှ ဘောလုံးအားကစားသမားများနှင့် ပြေးခုန်ပစ်အားကစားသမားများကို ဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးပြိုင်ပွဲတွင် ရရှိခဲ့သည့် တံခွန်စိုက် ဒိုင်းဆုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်ထံသို့ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မင်းလွင်၊ အဖွဲ့ဝင်(၂)ဦးတင်လှိုင်၊ အဖွဲ့ဝင်(၃)ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ တက်ရောက်အား ပေးခဲ့ကြကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)