အောင်လံမြို့၌ လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ယမန်နေ့ညနေ ၆ နာရီခွဲအချိန်ခန့်က စမ်းချောင်းရပ်ကွက်၊ တိုးချဲ့(၁)လမ်းတွင် လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများအားလုံး စတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများဆရာ၊ ဆရာမများနှင့် ကျောင်းပို့လာသည့် မိဘအုပ်ထိန်းသူများဖြင့် စည်ကားလျက်ရှိပြီး အတန်းစဉ်အလိုက် သင်ကြား/သင်ယူမှုများ စတင်ဆောင်ရွက်လျက်ရှိသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းဖွင့်ချိန်တွင် သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ (၂၅၂၃၀)ဦးမှ ပျော်ရွှင်စွာ ပညာသင်ကြား

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ယနေ့နံနက်(၉)နာရီမှစတင်ကာ အ​ခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ အခြေခံကျောင်းများ ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ပညာရေး ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာတက်ရောက် သင်ကြားကြောင်း သိရှိရသည်။

တံတားဦးမြို့နယ်တွင် မိုးဦးနှမ်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် မုန်တိုင်းမိုးရွာသွန်းမှုကြောင့် တောင်သူများ စတင်စိုက်ပျိုးခဲ့သော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်းသိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း GIS နည်းပညာ အသုံးပြု၍ Census Unit များကွင်းဆင်းရေးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်

  ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း GIS နည်းပညာအသုံးပြု၍ Census Unit များကွင်းဆင်းရေးဆွဲခြင်းလုပ်ငန်းများကို ယနေ့ မြန်အောင် မြို့ပေါ်ရပ်ကွက်(၆)ခုနှင့်က နောင်မြို့တို့၌ ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။

ပေါင်းတည်မြို့နယ်၌ ကျောင်းများစတင်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တစ်မြို့နယ်လုံးရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ၊ ပုဂ္ဂလိကစာသင်ကျောင်းများအပါအဝင် အခြေခံပညာကျောင်းများကို ယနေ့ နံနက် ၉ နာရီမှစတင်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

ရေးမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ကျောင်းသား၊ ကျောင်းသူ(၃၄၈၉၉)ဦးတို့ ပညာသင်ကြား

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၂၇၂)ကျောင်းတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ  ပညာသင်ကြား

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား လုံး ဇွန်လ(၁) ရက်နေ့  နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၇၂)ကျောင်းတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျေင်းသား ကျောင်းသူများ ပျော်ရွှင်စွာ စတင်ပညာသင်ကြား

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ(၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းပေါင်း (၁၂၄) ကျောင်းတွင် ကျောင်းသား/ သူများပျော်ရွှင်စွာ ပညာသင်ကြား

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ အခြေခံပညာကျောင်းများအားလုံး ဇွန်လ(၁)ရက်နေ့  နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားပေးရာ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပေါင်း (၁၂၄)ကျောင်းတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိကြောင်း  သိရသည်။
Subscribe to