လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်လျက်ရှိ

လေးမျက်နှာ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအား ယနေ့ ဇွန်(၁) ရက်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်လျက်ရှိသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်ရောက်နေမှုအား မြို့နယ်စီမံအုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ လေးမျက်နှာမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၇၇)ကျောင်းရှိရာ အ. ထ.က ကျောင်း(၈)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၁၂)ကျောင်း၊ အ. လ.က ကျောင်း(၈)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း(၈)ကျောင်း၊ အ.မ.ကမူလွန်ကျောင်း (၄)ကျောင်း၊ အ .မ. ကကျောင်း (၁၂၉)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းခွဲ(၇)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း (၁) ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)