မိုင်းတုံမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းတုံ ‌ဇွန် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြိုယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ည‌နေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျွန်ုပ်တို့  မြို့နယ်ရုံးအဖွဲ့အနေဖြင့် လုပ်ငန်းတာဝန်ကို ဆောင်ရွက်သည့်အခါ တာဝန်အရမဟုတ်ဘဲ လုပ်ငန်းအပေါ် စိတ်ပါဝင်စားစွာဖြင့် ထိရောက်မှုရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့၏ ကျန်းမာရေးကောင်းမှ လုပ်ငန်းလုပ်ကိုင်ရာတွင် တွင်ကျယ်မှာဖြစ်သည့်အတွက် မိမိတို့ကိုယ်တိုင် စောင့်ရှောက်ကြရန် လိုလာကြောင်း၊ ကျွန်ုပ်တို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီအဖွဲ့အနေဖြင့် ပြည်သူ့ထံအရောက် Mask‌ ဖြန့်ဝေခြင်း၊ အသိပညာ‌ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  မြို့သာယာလှပစေရေးကို ဌာနဆိုင်ရာများဖြင့် ပူးပေါင်းကာ အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကျေးစာရေးများအနေဖြင့်လည်း မိမိတို့လုပ်ရမည့် လုပ်ငန်းကို အချိန်နှင့်တပြေးညီ ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် ရပ်‌ကျေးစာ‌ရေးများကလည်း လူဦးရေအလျော့အတိုးများအား ပုံမှန်ကောက်ပြီး အချိန်မီတင်ပြကြရန် အစရှိသည်တို့ကို အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီအရာရှိ ဦးအောင်အောင်ထွန်းကလည်းကောင်း၊ မြို့နယ်ကော်မရှင်မှ ဦးစီးအရာရှိကလည်း‌ကောင်း ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းခြင်း၊ မြို့နယ်တိမွေကုဦးစီးကလည်းကောင်း၊ မြို့နယ်နတလမှ လက်ထောက်ညွှန်ကြားရေးမှူး‌ ဦးစောလွင်မိုးကလည်းကောင်း၊ မြို့နယ်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်ကလည်းကောင်း မိမိတို့လုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ‌ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)