ဒေးဒရဲမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ထောက်ပံ့ငွေများ ထုတ်ချေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ငွေများ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေး၊ အသေးစား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်ရာ တက်ရောက်လာသော အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းများ ပိုမိုဖွံဖြိုး တိုးတက်လာရေးအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော အဖွဲ့ဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစက်မှုလုပ်ငန်းများ၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပိုမိုတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ငွေကျပ်(၂၅၀၀)သိန်းဖြင့် ဒေသတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း()ခု၊ မွေးမြူရေးလုပ်ငန်း()ခု၊ အသေးစားစက်မှုလုပ်ငန်း()ခု စုစုပေါင်း လုပ်ငန်း(၁၉)ခုအား ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ သီးနှံသားငါး ပိုမိုထုတ်လုပ်နိုင်ပြီး ဒေသတွင်းရှိ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း\