ပေါင်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပေါင် ဇွန်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းကစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး မူလတန်းအဆင့် (၃၂၄၇၃) ဦး အလယ်တန်းအဆင့် (၇၄၂၄) ဦး၊ အထက်တန်းအဆင့် (၂၃၂၈) ဦး၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၄၂၂၂၅)ဦး လာရောက် ကျောင်းအပ်နှံခဲ့ကြ‌ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ အခြေခံပညာကျောင်း (၁၆၄) ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)