သရက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းများစတစ်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြား

သရက် ဇွန် ၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ယနေ့တွင်  ကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိရာ သရက်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုအား ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များက သွားရောက်ကြည့်ရှုခဲ့ကြသည်။

အမှတ်(၁) အခြေခံပညာအထန်းတန်းကျောင်းတွင် သင်ကြားပို့ချနေမှုအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များက စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(သရက်)တွင် သင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့သည်။

သရက်မြို့နယ်အတွင်း အထက်တန်းကျောင်း(၁၆)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း(၆၃)ကျောင်း၊ ဘကကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၆၄)ကျောင်းတို့တွင် ကျောင်းစတင် ဖွင့်လှစ်သည့် ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 

ဇော်ထက်(သရက်)