တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ရာ ကျောင်းသားကျောင်းသူ(၄၄၇၁၉)ဦး တက်ရောက်လျက်ရှိ

တောင်တွင်းကြီး ဇွန်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင်  ကျောင်းသား၊ ကျောင်းသူ(၄၄၇၁၉)ဦး ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၂၅၃)ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၄၃၇၂၁)ဦး၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၈၈၈)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၄) ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၁၁၀)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူဦးရေ (၄၄၇၁၉)ဦး စတင်တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ စသည့်စာရေးကိရိယာပစ္စည်းများကို အခမဲ့ထုတ်ပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)