ငွေဆောင်မြို့တွင် ငွေဆောင်လူငယ်အသင်းနှင့် ပုသိမ်ဘောလုံးအကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကစား
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘောလုံးကွင်းတွင် ယနေ့နံနက် ၈နာရီ ၄၅ မိနစ်အချိန်က ငွေဆောင်မြို့ကိုယ်စားပြု စွန်ရဲလူငယ်အသင်းနှင့် ပုသိမ်ဘောလုံးအကယ်ဒမီအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။