နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီပရဝုဏ်အတွင်းရှိ ပြည်သူ့ဥယျာဉ်တော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

ကာလိမြို့၌ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် (Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး န်ကြီးဌာနတို့ ပူးပေါင်းပြီး မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်(Talk Show)ကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လူထူအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် မိဘပြည်သူသို့အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာစိုက်ထူခြင်းများပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အများပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဗီနိုင်းပိုစတာစိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ  စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများရှိ ဝန်ထမ်းမိသားစုနှင့် မြို့မိမြို့ဖ အလှူရှင်များ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပခြင်းကို ယမန်နေ့ နံနက် (၈)နာရီက ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပခဲ့ သည်။

ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် "မိဘပြည်သူများသို့အသိပေးချက်" ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတို့ ပူးပေါင်းပြီး ပြည်သူများ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ "ပြည်သူများသို့ အသိပေးချက်" ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ပန်းတောင်း)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

သာယာဝတီမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင် ထိန်းသိမ်းမှု သင်တန်းဆင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အမှတ်(၁၄) စက်မှု လယ်ယာစခန်းက စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)မှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေမည့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ ကိုင်တွယ် အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့်  လယ်ယာသုံး စက်ကိရိယာ အခြေခံ မောင်းနှင် ထိန်းသိမ်းမှု သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေးသိပ္ပံ၊ ဆရာစံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့၌ (၁၇) ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်‌(မြောက်ပိုင်း) ကျောက်မဲမြို့တွင်  (၁၇) ကြိမ်မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲက မြို့ကျက်သရေဆောင်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့သည်။
Subscribe to