ကျောက်ကြီးမြို့နယ် ကျေးလက်ကျန်းမာရေးဌာန၌ အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနစီမံမှုဖြင့် အသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာ သင်ကြား

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်၍ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများမှ ပျော်ပျော်ရွင်ရွင်ဖြင့် ယမန်နေ့နံနက်ပိုင်းမှစ၍ စတင် တက်ရောက်ပညာသင်ကြားနေကြောင်း သိရသည်။

သီပေါမြို့အတွင်း၌ သစ်ကိုင်းကျိုးကျ၍ လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေး စုပေါင်းရှင်းလင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ (၂:၁၅) နာရီအချိန်ခန့်က မိုးများသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့်  သီပေါမြို့ ဇာတ်စုရပ်ကွက်တွင် စိန်ပန်းပင်၊ ဈေးရပ်ကွက်တွင်ပိတောက်ပင်၊ ပန်းတိမ်မြောက်ရပ်ကွက်တွင်ကျွန်းပင် ပိတောက်ပင်၊ ကျွန်းပင်များ စသည့်သစ်ပင်ကြီးများကျိုးကျပြီး လမ်းပိတ်ဆို့မှုဖြစ်နေသောကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များက သွားရောက် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့် ကွင်းဆင်းတွေ့ဆုံ

ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း ကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ကံရွာကျေးရွာအုပ်စု ကံရွာကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာ၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း စတင်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းကို ဇွန်လ (၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိသည်။

နမ့်ခမ်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အား ပြည်သူများသိရှိနိုင်စေရန်နှင့် “ကမ္ဘာမြေကြီးသာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် (၉) နာရီအချိန်က အသိပညာ ပေး နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်သာသနာ့ဗိမာန်တော်တွင် ၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် နိကာယ်စာမေးပွဲကို ယမန်နေ့က တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်လမ်း မြို့နယ်သာသနာ့ဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ စတင်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်ဝမ်းမြောက်စွာ ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။

ပဲခူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးချေးငွေများ ထုတ်ချေး

ပဲခူးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲသည် ပဲခူးမြို့နယ်အတွင်းရှိ အချိန်စေ့ချေးငွေပြေကျေပြီးသည့် လယ်သမားများသို့ မေလမှစတင်ကာ၂၀၂၃ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း ပဲခူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူထံမှ သိရှိရသည်။
Subscribe to