ပြင်ဦးလွင် ဇွန် ၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ပေးအပ်ချီးမြှင့်ပွဲကို မေ ၃၁ ရက်နေ့၊ ညနေ (၄) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းသားသမီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးကျော်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ်အဆင့် ကျောင်းသား/ ကျောင်းသူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ထားထားဝင်းက လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးမှ လည်ကောင်း၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူးများက လည်းကောင်း ထောက်ပံ့ငွေနှင့် ကျောင်းသုံးပစ္စည်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တာဝန်ရှိသူများနှင့် ဝန်ထမ်းသားသမီးများ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)