စဉ့်ကူး ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၉)ကျောင်း၊ အလယ်တန်းကျောင်း (၇)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ (၅)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၇)ကျောင်း၊ မူလတန်းကျောင်း (၆၇) ကျောင်း၊ မူလတန်းကျောင်း-ခွဲ (၁)ကျောင်း၊ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း (၉)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်း (၁၀) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၁၃၃)ကျောင်းအား ဖွင့်လှစ်ခဲ့ကြောင်း စဉ့်ကူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စဉ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ လုံခြုံမှုရှိစေရန်နှင့် စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးမှူးမှ အနီးကပ်စီစဉ်ကြီးကြပ်၍ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)